Sunday, July 1, 2012

ဒါဏ်ရာမဲ့ အလွမ်း

ၹၹ




နိုးတ၀က်အိပ်ပျက်ညတွေမှာရေးလက်စကဗျာတစ်ပုဒ်ရယ်..ကိုယ်ရယ်ပေါ့
လွမ်းဆွတ်မှုရဲ့အထပ်ထပ်တိုက်ခိုက်မှုမှာ
အကြိမ်ကြိမ်လဲပြိုရင်း..........
မိုးသောက်ခဲ့ရပြန်ပြီ...
ဒဏ်ရာကမကျက်သေးသလို
ကဗျာကလည်းမဆုံးသေးဘူး။
ချစ်သူရေ................
ပေးဆပ်ခြင်းဟာ ဘာသာပြန်ခက်တဲ့ဝေဒနာမို့
(အစဉ်အလာနဲ့ဘောင်အတွင်းမှာ)
ပြောခွင့်မရသူကိုယ့်ရင်ထဲက
အလွမ်းနဲ့အချစ်တွေကို...မတူးဆွလိုက်ပါနဲ့။













No comments:

Post a Comment