Monday, July 23, 2012

သွေးစက်လက်နဲ့ နှလုံးသား

ကောင်မလေးရေ
မင်းကိုငါချစ်နေမှန်းသိရက်နဲ့ 
ငါ့ ရင်ကိုခွဲ နှလုံးသားကို
ထုတ်သွားလေတော့  အခုငါ နာကျင်ရပြီပေါ့ 
ဒါပေမယ့်  သွေးတိတ်အောင်
အမုန်းတံဆိပ်ပါတဲ့ 
ပလာစတာနဲ့  မကပ်ခဲ့ တာကိုပဲ
ငါကျေနပ်ပါတယ်
ကျေးဇူးပြုပြီးတော့ 
ငါနင့် ကိုဘယ်လောက်ချစ်လည်း
စမ်းသပ်မယ်ဆိုပြီး
နှလုံးသားတော့ ပြောင်း မတပ်လိုက်ပါနဲ့ 
ငါခံစားနေရတာတဲ့  ခံစားချက်ကို
ဗြုန်းစားကြီးဆိုတော့  နင်မခံစားနိုင်မှာ
စိုးလို့ ပါ
ကောင်မလေးရေ............................


                                                                    နောင်ကြီး  (KUK)

Sunday, July 1, 2012

သဘာဝ...

အဖော်မဲ့တဲ့ဘ၀မှာ
ကဗျာတွေရေးရင်း
ကြယ်တွေငေးရင်း......အလွမ်းဖြေရတယ်။
ခု....................
ချစ်သူ အနားမှာရှိနေတော့
ကဗျာတွေမေ့
ကြယ်တွေမေ့လို့
ချစ်သူရင်ခွင်မှာ.......ပျော်နေလိုက်တာ။ ။
ဟော!
ချစ်သူနဲ့ဝေးရပြန်တော့
ကဗျာတွေရေးရင်း
ကြယ်တွေငေးရင်း....
လမင်း ကြီးကို ကိုယ်ချင်းစာနေမိတော့တယ်။ ။

အလွမ်းနေ့စွဲ......

တကယ်ပါချစ်သူ....
ပေးဆပ်မှုတောင်ပံတစ်စုံရဲ့အောက်မှာ
ဖြူစင်တဲ့နှလုံးသားရပ်ဝန်းရှိတယ်....။
မြှားတစ်စင်းဆင်ရုံလေးနဲ့တော့
မကျီစားပါနဲ့...ချစ်သူရယ်....
ပြိုကျခဲ့ရတဲ့ အိပ်မက်ရှည်တွေကို
အခါခ်ါခေါက်သိမ်းရင်း...
မြတ်နိုးမှုသက်သက်နဲ့တင်
ကျေနပ်မိသူတစ်ယောက်ကိုမှ
အလွမ်းတွေ...ပန်းလိုသီဖို့
ဝေဒနာပန်းတစ်ခင်း ဖန်ဆင်းပေးရက်တယ်...။ ။
    

                                 အဝေးရောက်ချစ်သူ သိစေဖို့ ။။  ။။

တံတိုင်း

ကောင်မလေးရေ....
မင်းနဲ့ငါ
အကြင်နာတွေရောပြွန်း
သံယောဇဉ်မျက်ဝန်းအနှံ့
အဓိပါယ်မဖော်တတ်ခဲ့ရင်အကောင်းသား။
ခုများတော့
နှောင်ကြိုးတွေအထပ်တပ်ခတ်
(မျှော်လင့်ခြင်းကို....အနားသတ်)
နှလုံးသားတွေဘာသာပြန်တတ်ပြီးကာမှ
တို့နှစ်ယောက်ကြားစည်းတား
တကယ်ကိုခပ်ပါးပါးနဲ့
"အဖြူရောင်" နံရံချပ်တွေ ခြားနေခဲ့တယ်။ 




(ရတနာလှိုင်အတွက်)

ဒီနေ့.... ငါ

နှလုံးသားဘာသာပြန်
ရုပ်လုံးရုပ်ကြွတွေစုစည်း
ငါ့ရင်တွင်းညဖြစ်ပျက်မှု့ကဗျာတင်ပြီး
အိပ်မက်ထဲမင်းကိုပြန်ခေါ်...
ငါ....မင်းကို
အပြီးပိုင်နှုတ်ဆက်ပြီနော်။
ကြယ်ရောင်တွေတစ်စစပျောက်
ရောင်နီဖြာမိုးသောက်ချိန်တော့
အိပ်မက်ကိုလွှင့်ပစ်
ငါ့နံနက်ခင်းသစ်ကိုနှုတ်ဆက်ရင်း
မှန်လေးကိုကြည့်တော့
မနေ့က...ငါ
ဒီကနေ့ငါ...မတူတော့ပါလား။ ။

ချစ်ခြင်းနဲ့ပါတ်သတ်ယင်


လှုပ်တိုင်းသာမြှုပ်မယ်ဆို
ဒီနွံကိုငါ ကျွံချင်ပါ......
ရှိုတိုင်းသာလောင်မယ်ဆို
ဒီမီးကိုငါရှို့ချင်ပါ.......
ခြိမ်းတိုင်းသာရွာမယ်ဆို
ဒီမိုးကိုငါသွန်းဖြိုးချင်ပါ.....
တကယ်တော့
ငါ့အတွက်
တီးတိုင်းမမြည်တဲ့ဗုံကလေးဟာ
အချစ်ဗုံလေးပါ.....
အချစ်နှင်းဆီကို ခူးဆွတ်လိုက်တိုင်း
ငါ့နှလုံးသားအမြဲ 'ဆူး' စူးခံခဲ့ရတယ်။

ဒါဏ်ရာမဲ့ အလွမ်း

ၹၹ




နိုးတ၀က်အိပ်ပျက်ညတွေမှာ