ချစ်တယ်ဆိုတာ ရင်ထဲကလာတဲ့ခံစားချက်တစ်ခုပါ ......... ဒါဟာရှုံးနိမ့်ခဲ့ခြင်းလား......... ဒါမှမဟုတ်မြှားနက်မောင်ကပဲ ချစ်တက်တဲ့မျှားကို အဆိပ်ခွက်ထဲ စိမ်ပြီး ငါ့ကိုမှ ပစ်မှတ်ထား ပစ်ခဲ့လေသလား သေချာတာတစ်ခုကတော့ ...............
အလွမ်းဆိုတာကို နားလည်လိုက်ရတဲ့ငါ ........ တွေ့ချင်စိတ်ကလွဲယင် တစ်နေ့နေ့ လွမ်းနေတယ်ဆိုတာပဲ ..............
စိတ်ကူးတွေလဲယဉ်တက်လာတယ် အိမ်မက်ထဲမှာတွေ့ယင်တောင်ငါ့မှာ ပျော်နေမိတယ်...... တစ်ခါတစ်လေကျတော့ တွေးမိတယ် ...
အိမ်မက်ထဲက လိုဖြစ်ခဲ့ယင်ငါ့လောက်ပျော်မယ့် လူရှိပါမလားလို့ ............ သတိရမိတိုင်း ဘန်နီဖြိုးသီချင်းကို ဖွင့်ဖွင့်မိတယ်.....
ဘန်နီဖြိုးသီချင်းကို ကြားတိုင်းလဲ သတိရနေမိတယ် .........
နင်ပြောခဲ့တာလေ ... အဲ့သီချင်းလေးကို နင်ကောငါကော ကြိုက်ခဲ့တယ်ဆိုတာကိုပေါ့ ......
ဘန်နီဖြိုးကတော့ မသိရှာဘူး သူမှာ အမာခံ ပရိတ်သက် နင်နဲ့ငါရှိတယ်ဆိုတာကို ဒီထက်ဆိုးတာက ငါအခုလွမ်းနေတာကို နင်မသိနိုင်ခဲ့ ဘူး.............
ငါမသိနိုင်တဲ့တစ်နေရာမှာကော နင်ငါ့ကိုလွမ်းနေမှာလား .........
တစ်ချိန်က နင့်ရဲ့စကားသံလေးက မပီကလာပီကလာနဲ့ ငါကလည်း အဲ့ဒါကိုချစ်နေမိတယ် ..............
တိုင်းရင်းသူလေး ဆိုတော့လဲ မပူ (မပီ) တဲ့စကားသံလေးက နားထောင်လို့ကောင်းပါတယ် ......
မျှားနက်မောင်ကတောင်မှန်အောင်ပစ်ပေးသေးတာပဲ ဘာလို့ ကံတရား ကြီးကရိုးမတောတန်းကြီး ရဲတစ်ဖက်ဆီမှာထားချင်ခဲ့တာလဲ.......
ငါလွမ်းလို့ ကျတဲ့မျက်ရည်နဲ့ နင်လွမ်းလို့ ကျတဲ့မျက်ရည် မိုးရေနဲ့ မျောပြီး ပင်လယ်ထဲမှာ မျက်ရည်ချင်းတွေ့တဲ့ အခါ ငါ့မျက်ရည် ကိုနှုတ်မဆတ်ယင်တောင် ပြုံးပြပါနော်.................
ရတနာကို အရမ်းချစ်တဲ့ .........GA__.
No comments:
Post a Comment