Sunday, July 1, 2012

တံတိုင်း

ကောင်မလေးရေ....
မင်းနဲ့ငါ
အကြင်နာတွေရောပြွန်း
သံယောဇဉ်မျက်ဝန်းအနှံ့
အဓိပါယ်မဖော်တတ်ခဲ့ရင်အကောင်းသား။
ခုများတော့
နှောင်ကြိုးတွေအထပ်တပ်ခတ်
(မျှော်လင့်ခြင်းကို....အနားသတ်)
နှလုံးသားတွေဘာသာပြန်တတ်ပြီးကာမှ
တို့နှစ်ယောက်ကြားစည်းတား
တကယ်ကိုခပ်ပါးပါးနဲ့
"အဖြူရောင်" နံရံချပ်တွေ ခြားနေခဲ့တယ်။ 




(ရတနာလှိုင်အတွက်)

No comments:

Post a Comment